မူဝါဒများ

မူဝါဒ

ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန၏  မူဝါဒမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-

(က)    ကျောင်းနေအရွယ် လူငယ်အားလုံးပညာသင်ယူခွင့် ရရှိရေးအတွက် မသန်စွမ်းသူ နိုင်ငံသားများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့် မရရှိသူများကို ပညာရေးအဆင့်တိုင်းတွင် ပညာသင်ယူခွင့်ရရှိစေရန် ပညာရေးအထူးဝန်ဆောင်မှု အစီအစဉ်များအပါအဝင် လူတိုင်းအကျုံးဝင်ပညာရေးအစီအစဉ် ထားရှိရေး။

(ခ)     နိုင်ငံသားတိုင်း ပညာသင်ယူခွင့်ရရှိပြီး ဘဝတစ်လျှောက် စဉ်ဆက်မပြတ် လေ့လာ သင်ယူနိုင်သော ပညာရေးအခွင့်အလမ်းများ ဖန်တီးပေးရေး။

(ဂ)     အရည်အသွေးရှိသော ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေး အစီအစဉ်ဖြင့် ပညာရေး အခွင့်အလမ်းနည်းနေသူများအား သာတူညီမျှရရှိရန် ဦးစားပေး ဆောင်ရွက်ရေး။

(ဃ)    ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေး အစီအစဉ်အမျိုးမျိုးအတွက် လိုအပ်သော စံနှုန်းများ ချမှတ်စစ်ဆေးရေး။

(င)     ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးအစီအစဉ်များ အောင်မြင်ရေးနှင့် ရေရှည် တည်တံ့ရေးအတွက် ရပ်ရွာပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့် တာဝန်ယူမှုရှိစေရန် စည်းရုံးဆောင်ရွက်ရေး။