လုပ်ငန်းစဉ်များ
ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန၏ လုပ်ငန်းစဉ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ကျောင်းပြင်ပတစ်သက်တာပညာရေးဆိုင်ရာ အရည်အသွေးစံ အကဲဖြတ် အညွှန်းဘောင် (Alternative Education Quality Standards Assessment Framework-AE-QSAF)အတွက် လုပ်ငန်းလမ်းညွှန် ရေးဆွဲပြဋ္ဌာန်းသွားမည်။
(ခ) ကျောင်းပြင်ပတစ်သက်တာပညာရေး မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှု မူဘောင် (Alternative Education Partnership Coordination Framework – AE PCF) အတွက် လုပ်ငန်းလမ်းညွှန် ရေးဆွဲပြဋ္ဌာန်းသွားမည်။
(ဂ) ကျောင်းပြင်ပပညာရေး ဆရာအတတ်ပညာကျွမ်းကျင်မှုနှင့် ဆရာအတတ်ပညာ သင်တန်း အစီအစဉ်ကို ပိုမိုထိရောက်အောင် မွမ်းမံမည်။
(ဃ) လူငယ်လူရွယ်များအတွက် နိုင်ငံ့သားကောင်းဆိုင်ရာ တစ်သက်တာလေ့လာသင်ယူမှု အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်။
(င) ကျောင်းပြင်ပတန်းညှိပညာရေးအစီအစဉ် ဆောင်ရွက်သွားမည်။
(စ) အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ ခေတ်အခြေအနေနှင့် လိုက်လျောညီထွေ မွမ်းမံဖန်တီး ဆောင်ရွက်သွားမည်။
(ဆ) မြန်မာ့ပညာရေးရုပ်သံ(Myanmar Education Channel) အစီအစဉ်ကို မြှင့်တင် ဆောင်ရွက်မည်။