ရည်မှန်းချက်
ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) နိုင်ငံသားများ၏ မွေးရာပါအခွင့်အရေးဖြစ်သော ပညာသင်ယူခွင့်ကို နိုင်ငံသားတိုင်း ခံစားရရှိစေရန်။
(ခ) ပညာသင်ကြားမှု အခွင့်အလမ်းနည်းပါးနေသော ကျောင်းပြင်ပရောက် ကလေး၊ လူငယ်နှင့် လူကြီးများအားလုံး အရည်အသွေးရှိသော ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးအစီအစဉ်များကို သာတူညီမျှ လက်လှမ်းမီရရှိနိုင်ရေးအတွက် ဦးတည် ဆောင်ရွက်ရန်။
(ဂ) ကျောင်းပြင်ပရောက် ကျောင်းနေအရွယ်ကလေး၊ လူငယ်နှင့် လူကြီးများ အခြေခံ စာတတ်မြောက်ရန်၊ အခြေခံပညာရေးနှင့် သက်မွေးပညာရေးတို့ကို ပြီးမြောက်ရေး အတွက် ပညာရေးလမ်းသွယ်အမျိုးမျိုးဖြင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ရန်။
(ဃ) ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးအစီအစဉ်နှင့် အခြားပညာရေးအမျိုးအစား များအကြား အပြန်အလှန်ကူးပြောင်းသင်ကြားနိုင်မည့် အခွင့်အလမ်းများနှင့် လုပ်ငန်း ခွင်ဝင်ရောက်နိုင်ရေးအတွက် လူသားအရင်းအမြစ် လိုအပ်ချက်များနှင့်အညီ ဆောင် ရွက်ရန်။
(င) အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀)ပါ မဟာဗျူဟာများ၊ မူဝါဒ များနှင့် ယင်းတို့ကိုအကောင်အထည်ဖော်ဆောင်ရွက်မှု၊ စီမံချက်၊ ပညာရေးဖွံ့ဖြိုးမှု စီမံကိန်းများကိုလည်းကောင်း၊ ပညာရေးနှင့်သက်ဆိုင်သည့် ဥပဒေများ၊ အခြားလုပ်ထုံး လုပ်နည်းများနှင့် ပတ်သက်သော သတင်းအချက်အလက်များကိုလည်းကောင်း ပြည်သူလူထုက သိရှိရယူနိုင်ရန်။
(စ) ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးအစီအစဉ် လုပ်ငန်းများ ခေတ်မီဖွံ့ဖြိုးတိုးတက် စေရန်အတွက် သုတေသနနှင့် တီထွင်ဆန်းသစ်မှုများ ဆောင်ရွက်ရန်။